Image Credit Link – en.wikipedia.org
Unbelievable and amazing yet, still one of the wonders of the world.
မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာပြီး Beijing မြို့သို့ ရောက်ရှိချိန်တွင် Beijing မြို့ဒေသခံ Guide မှလာရောက်ကြိုဆိုပြီး ဟိုတယ်တွင် Check In ဝင်ပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် အံ့ဖွယ်ခုနှစ်ခုအနက် တစ်ခုဖြစ်သော Great Wall မဟာ တံ တိုင်းကြီးအား သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် တရုတ်နိုင်ငံ၏ အကြီးဆုံးနေရွာသီနန်းတော် Summer Palace သို့သွားရောက်လည်ပတ် ကြည့်ရှုကြပါမည်။
အပြန်လမ်းတွင် National Stadium (Bird Net) နှင့် ရေခဲတုံးပုံစံ အဆောက်အဦးကိုလည်း သွားရောက်လေ့လာကြပါမည်။
နံနက်ပိုင်းတွင် ကမ္ဘာ့တတိယ အကြီးဆုံးဖြစ်သော Tiananmen Square ၊ မင်မင်းဆက် နှင့်မန်ချူးမင်းဆက်များ တည်ထောင်ခဲ့သော Forbidden City ၊ ထို့နောက် ပိုးခြည်ထည်ဆိုင် တို့ကို သွားရောက်လေ့လာ ကြည့်ရှုကြပါမည်။ ညနေပိုင်းတွင် ခမ်းနားထည် ဝါလှေသာ ဘုရင်ဆက်ဆက်များ ဆုတောင်းပွဲပြုလုပ်သည့်နေရာ ဖြစ်သည့် Temple of Heaven ကသွားရောက်လည်ပတ်ကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် သက်တောင့်သက်သာရှိတော အထူး အမြန်နှုန်း ရထားဖြင့် Beijing မှ Shanghai သို့ထွက်ခွာလာပါမည်။ Shanghai ဘူတာရုံသို့ ရောက် ရှိချိန်တွင် Shanghai မြို့ရှိ ဒေသခံ Guide မှလာရောက် ကြိုဆိုပါမည်။ ထို့နောက် ဟိုတယ်၌ အေးချမ်းစွာအိပ်စက် အနားယူပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် Shanghai မြို့ရှိကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ဆိုင် သော အချက်အချာ နေရာဖြစ်သည့် Pudong New Area တို့ကိုသွားပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် တရုတ်နိုင်ငံ၏ Shopping area အကြီးဆုံး လမ်းမကြီးဖြစ်သော Bund and Nanjing Road သို့သွားရောက်ပြီး ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် Oriential Peral TV Tower နှင့် History Museumနှင့် ပိုးခြည်ထည်စက်ရုံတို့ကို သွားရောက်လေ့လာကြည့်ရှုကြပါမည်။ ညစာသုံးဆောင်ပြီးနောက် Beijing မြို့မှ Kuming မြို့သို့ဆက်လက်ထွက်ခွာလာရာ ညသန်းခေါင်အချိန်တွင် Kuming မြို့သို့ရောက်ရှိပါမည်။ ထို့နောက် ဟိုတယ်သို့ Check In ဝင်ပါမည်။
ကူမင်းမြို့သို့ရောက်ရှိချိန်တွင် Stone Forest နှင့် Wastern Hill တို့ကို သွားရောက်လည်ပတ်ကြပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ကူမင်းမြို့မှ ရန်ကုန်သို့ ပြန်လည်ထွက် ခွာလာပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.