Unbelievable and amazing yet, still one of the wonders of the world.
Yangon မြို့မှ Siem Reap မြို့သို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာပါမည်။Siem Reap မြို့သို့ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ ခရီးဦးကြိုဆိုပါမည်။ထိုညအတွက် Siem Reap မြို့ရှိ Hotel တွင် အိပ်စက်အနားယူစေပါမည်။
မနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးနောက် South Gate of Angkor Thom Temple သို့သွားရောက်လည်ပတ်ပါမည်။ AD 802-1432 မှ ၁၅ ရာစုနှစ်အတွင်းနောက်ဆုံးမြို့တော်ဖြစ်သည်။ထို့နောက် Ankor မြို့ဟောင်းအတွင်းအထင်ကရနေရာတစ်ခုဖြစ်သောBayon Temple သို့ပို့ဆောင်ပေးပါမည်။ Phimean Akas Temple, Bapoun Temple, Terrance of the Elephant, Terrace of Leper King, Royal enclosure အစရှိသော Temple များနှင့် စိတ်၀င်စားဖွယ်ရာ နေရာများသို့ ပို့ဆောင်ပေးပါမည်။Ta Prohm Temple သည် King Jayavarman VII က AD-1186 တွင် တည်ထောင်ခဲ့သော Temple တစ်ခုဖြစ်ပါသည်။ အုတ်ကျောင်းဆောင်များ၊ ကျောက်တုံးကျောက်ခဲများကြား မှ ထိုးထွက်လာသောသစ်ပင်မြစ်များသည် Ta Prohm Temple ကိုပို၍ ထူးခြား၊ အံ့သြ၊ ရင်သပ်ရှုမောဖွယ် ကောင်းစေပါသည်။ နေ့လည်စာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာစားပြီးနောက် ကမ္ဘာ့အံ့ဖွယ် ၇ ခုတွင် အပါအဝင်ဖြစ်သော AngkorWat ကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် နေဝင်ချိန်ဆည်းဆာအလှကို Bakheng Hill (သို့) Pre Rup Temple မှ ကြည့်ရှုခံစားရင် တနေ့တာမောပန်းမှုများကိုပြေပျောက်စေပါမည်။ထိုမှတဆင့် ညစာကိုဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပြီးနောက် Siem Reap ရှိ Hotel တွင် အေးချမ်းစွာအိပ်စက်အနားယူစေပါမည်။
ဟိုတယ်တွင် မနက်စာစားပြီးနောက် BanteaySrey သို့သွားရောက်လည်ပတ်ပါမည်။ BanteaySrey သည် Angkor ရှိ Temple များအတွင်းမှ ထင်ရှားသောနေရာတစ်ခုဖြစ်သည်။ အနီရောင်ရှိသောအုတ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့နောက် Pre Rup အမည်ရှိသောဗိသုကာလက်ရာများဖြင့်ပြည့်နှက်နေသောဘုရားကျောင်းသို့သွားရောက်လည်ပတ်ပါမည်။ ကျောင်းဆောင်အပေါ်ဘက်မှ ကြည့်ရှုလျှင် အလွန်လှပသော မြို့ပြရှုခင်းများနှင့် သဘာဝပတ်ဝန်းကျင် အလှအပများကို ရှုမြင်ခံစား နိုင်ပါသည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပြီးနောက် ခမာလူမျိုးတို့၏ အင်ပါရာတစ်ခုဖြစ်ခဲ့သော The Roluos Group သို့ခရီးဆက်ပါမည်။ညစာကို Traditional Apsara Dance Show ပါဝင်သော Buffet ဖြင့်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ညဈေးတန်းသို့ သွားရောက်လည်ပတ်ကာ စိတ်ကြိုက်မိမိအစီအစဉ်ဖြင့် ဈေးဝယ်နိုင်ပါသည်။ ထို့နောက် Hotel သို့ပြန်ကာအိပ်စက်အနားယူပါမည်။
မနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးနောက် Tonle Sap Lake အတွင်းရှိရေပေါ်ဈေးသို့ သွားရောက် လည်ပတ်ပါမည်။ ရိုးရာကန်အတွင်းတည်ဆောက်ထားသော အိမ်များကိုတွေ့မြင်နိုင်ပါမည်။ အနုပညာပန်းပုလက်ရာများ၊ ကျောက်ထုလက်ရာများနှင့် လက်မှုရိုးရာ အရုပ်ပန်းချီများ ဆွဲရာ Les Chan tiers Ecoles Artisans D’Angkor Workshop သို့ သွားရောက်လည်ပတ် လေလာ့ပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဖနွမ်းပင်မြို့သို့ ခရီးဆက်ပါမည်။ ဖနွမ်းပင်သို့ရောက်သောအခါ ညစာ သုံးဆောင်၍ Hotel တွင် Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Royal Palace သို့သွားရောက်လည်ပတ်ပါမည်။အံ့သြဖွယ်ရာငွေသားအတိနှင့်ပြုလုပ်ထားသော ကြမ်းခင်း နှင့် ငွေဘုရားတို့ကိုတွေ့မြင်နိုင်ပါသည်။ ထို့နောက် RaungDamrei Museum ( National Museum ) သို့ သွားရောက် လည်ပတ်ပါမည်။ ToulSleng ဟုအမည်ရှိသောTuolSvay Prey High School သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် Central Market & Sorry Shopping Mall သို့ မိမိအစီအစဉ်ဖြင့် ဈေးဝယ်ထွက်ရန် ပို့ဆောင်ပေးပါမည်။ ပြီးနောက် အထင်ကရနေရာတခုဖြစ်သော Naga World Casino သို့ သွားရောက်လည်ပတ် ကြည့်ရှု့ပါမည်။ ထို့နောက် ညစာကိုဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်၍ Phnom Penh ရှိ Hotel တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်Wat Phnom Hillသို့ပို့ဆောင်ပေးပါမည်။ Phnom Penh မြို့တော်၏သမိုင်းဝင်တခုဖြစ်သော Wat Phnom Hill သည် 1372 ခုနှစ်တွင် စတင်တွေ့ရှိခဲ့ကြသည်။ 1958 ခုနှစ်တွင် စတင်ကျင်းပခဲ့သောကမ္ဘောဒီးယားတို့၏ Independent Monument သို့ သွားရောက်လည်ပတ်ပါမည်။ထို.နောက် Russian Market သို့ မိမိအစီအစဉ်ဖြင့်ဈေးဝယ်ထွက်နိုင်ရန် လိုက်ပို့ပေးပါမည်။ နေ့လည်စာကိုမိမိအစီအစဉ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။ ပြီးလျှင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လေဆိပ်သို့ ပို့ဆောင်၍ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျော်ရွှင်စွာ ပြန်လည်ရောက်ပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.