Unbelievable and amazing yet, still one of the wonders of the world.
ရန်ကုန်မြို့မှ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ထွက်ခွာပြီးနောက် Singapore နိုင်ငံChangiလေဆိပ်သို့ရောက်ရှိပါမည်။ Singapore သို့ရောက်ရှိသောအခါ City Tour ကိုစတင်လည်ပတ်ပါမည်။ City Tour တွင်ပါဝင်သောနေရာများမှာ Mount Faber ၊ Merlion Park ၊ Fountain of Wealth – SuntecCity ၊ Parliament House ၊ Esplanade တို့ဖြစ်ကြပါသည်။ ထို့နောက် ညစာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကာ Hotel တွင် Check In ဝင်ရောက်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် Diamond City &HarbourMartတွင် အမှတ်တရ ဈေးဝယ်ထွက်နိုင်ရန် စီစဉ်ထားပါသည်။ Singapore နိုင်ငံ၏ အထင်ကရဖြစ်သော Universal Studio သို့သွားရောက်၍ ပျော်ရွှင်စွာလည်ပတ် ဆော့ကစားရန် စီစဉ်ထားပါသည်။ နေ့လည်စာကို Universal Studio ထဲတွင် ပျော်ရွှင်စွာလေ့လာကြည့်ရှု့ရင်း နှစ်သက်ရာအစားအစာများကိုမိမိအစီအစဉ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။ ထို့နောက် Song of the Sea Show အား ကြည့်ရှုနားဆင်ပြီးညနေစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ တစ်ညတာအတွက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် Singapore နိုင်ငံရှိအထင်ကရနေရာတခုဖြစ်သောJurong Bird Park သို့သွားရောက်လည်ပတ်ပါမည်။ Jurong Bird Park တွင်ငှက်အမျိုးပေါင်းများစွာကိုချစ်စဖွယ်တွေ့မြင်ရပါမည်။ ထို့နောက် Singapore မြို့ရှိလူစည်ကားရာလမ်းမတစ်ခုဖြစ်သော Orchard Area သို့သွားရောက်လည်ပတ်ကာမမိအစီအစဉ်ဖြင့် ဈေးဝယ်ထွက်နိုင်ရန် စီစဉ်ပေးထားပါသည်။ စင်္ကာပူနိုင်ငံ၏ ထင်ရှားသောနေရာတစ်ခုဖြစ်သော Botanic Garden သို့လည်း သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ညစာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးကာဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် Sentosa ကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Resort World Experiential Museum နှင့် ကမ္ဘာအကြီးဆုံးဖြစ်သော S.E.A Qquariumသို့လည်ပတ်နိုင်ရန်စီစဉ်ထားပါသည်။ Vivo မြို့တွင် မိမိတို့ စိတ်ကြိုက် ဈေးဝယ်နိုင်ပါသည်။ ထို့နောက် Garden by bay ပန်းခြံသို့ သွားရောက်လည်ပတ်ပါမည်။ Bugis လမ်းတွင် ဈေးဝယ်ထွက်ပြီးနောက် ညစာသုံးဆောင်ကာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်မပြန်မှီမိမအိစီအစဉ်ဖြင့်ဈေးဝယ်ထွက်နိုင်ရန် အားလပ်ချိန် ပေးထားမည်ဖြစ်ပါသည်။ ထို့နောက် လေယာဉ်ကွင်းသို့ပို့ဆောင်ကာSingapore နိုင်ငံ Changiအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှ တဆင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာကာပျော်ရွှင်စရာခရီးစဉ်ပြီးဆုံးပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.