Unbelievable and amazing yet, still one of the wonders of the world.
Yangon မြို့မှ Bangkok မြို့သို့ MAI လေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။ ထို့နောက်Hotelသို့ Check In ဝင်ရောက်ပြီးနောက်ယဉ်ကျေးမှု ဗိသုကာလက်ရာများဖြင့် ထုံမွန်းစီခြယ်ထားသည့် အလေးအမြတ်ထားရာတန်ခိုးကြီး မြဘုရား၊ ကိန်းဝပ်စံပါယ်တော် မှုသည့် ရွှေကျောင်းဆောင်များနှင့် ထိုင်းဘုရင့်နန်းတော်၊ လျောင်းတော်မှုဘုရား (Wat Po)၊ နှင့် Wat Arum ဘုရားသို့သွားရောက် ဖူးမျှော်ပါမည်။ နေ့လည်စာကိုLocal Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် ဈေးဝယ်ထွက်ရန် အားလပ်ချိန်ပေးထားပါမည်။ ညနေစာကိုLocal Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် Hotel တွင် အိပ်စက် အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ နာမည်ကြီးနိုင်ငံတကာအဆင့်မှီသည်းထိတ်ရင်ဖိုကစားကွင်းနှင့် သာယာလှပ၍ အပန်းဖြေနေရာများ ဖြင့်ထင်ရှားကျော်ကြားသော Dream World သို့ သွားရောက်လည်ပတ် အပန်းဖြေပါမည်။ နေ့လည်စာကို Dream World အတွငး်တွင် ဧည့်ခံကျွေးမွေးပါမည်။ ထို့နောက် Dream World မှ နေ့လည်ပိုင်းတွင် ပြန်လည်ထွက်ခွာပါမည်။ ထို့နောက် Underwater World သို့လည်း သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် ဈေးဝယ်ထွက်နိုင်ရန် အားလပ်ချိန် ပေးထားပါသည်။ ညနေစာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Hotel သို့ပြန် ၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကို သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့၏ မြောက်ဘက်တွင်ရှိသောထိုင်းနိုင်ငံ၏ မြို့တော်ဟောင်းအယုဒ္ဓယမြို့သို့ သွားရောက်မည်ဖြစ်ပါသည်။ အယုဒ္ဓယမြို့သွားရာ လမ်းတွင် Bang Pa-In Summer Palace သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Wat Sri Sanphet ဘုန်းကြီးကျောင်း၊ Wat Phanancheong နှင့် Wat Yai Chaimongkhol တို့သို့ သွားရောက်လည်ပတ်ပါမည်။ ညနေတွင် ဘန်ကောက်မြို့သို့ပြန်ကာ မိမိအစီအစဉ်ဖြင့် ဈေးဝယ်နိုင်ရန်စီစဉ်ထားပါသည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် Hotel သို့ပြန် ၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် အရှေ့တောင်အာရှ၏ Hawaii အဖြစ် ကျော်ကြားသော Pattayaကမ်းခြေသို့ သွားရောက် အပန်းဖြေပါမည်။ Pattayaကမ်းခြေမှ တဆင့် Coral Island သို့ Speed Boat ဖြင့် သွားရောက် လည်ပတ်ရန် စီစဉ်ထားပါသည်။ နေ့လည်စာကို Coral Island တွင် Buffet ဖြင့် သုံးဆောင်နိုင်ရန် စီစဉ်ထားပါသည်။ ညနေပိုင်းတွင် Lady Boy များဖြင့် ကပြဖျော်ဖြေသော Alcazar Show ကို ကြည့်ရှုအပန်းဖြေပါမည်။ ညနေစာကို Local Restaurant သုံးဆောင်ပါမည်။ ထို့နောက် ညဈေးကို ကြည့်ရှုလည်ပတ်ကာ တစ်နေ့တာကုန်ဆုံးပါမည်။ Pattaya ကမ်းခြေရှိ Hotel တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Hotel တွင် မနက်စာကိုသုံးဆောင်ပြီးနောက် Bangkok သို့ ပြန်လည်ထွက်ခွာပါမည်။ Bangkok သို့ သွားရာလမ်းတွင် ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေမှုများ၊ ထိုင်းရိုးရာအကဖျော်ဖြေမှုများ၊ အပန်းဖြေနိုင်ရန်နှင့် အမှတ်တရဓါတ်ပုံရိုက်နိုင်ရန်အတွက် သာယာလပှသော Nong Nooch Village သို့ ဝင်ရောက်လည်ပတ်ပါမည်။ ထို့နောက် ဘန်ကောက်မြို့ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ တဆင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.