Image Credit Link – en.wikipedia.org
Unbelievable and amazing yet, still one of the wonders of the world.
စုရပ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ Vietnam Airline ဖြင့် ကိုရီးယားနိုင်ငံ Busan သို့ စတင်ထွက်ခွာလာပါမည်။
ကိုရီးယားနိုင်ငံ Busan အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါမည်။ Busan City Tour များဖြစ်သော Yongdusan ပန်းခြံအတွင်း တည်ရှိပြီး အမြင့်ပေ 118 meter ရှိသည့် Busan Tower ၊ Jagalchi ငါးဈေး နှင့် Gwan – Ri Beach တို့ကို သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်၌ အိပ်စက်အနားယူ ကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် Seoul မြို့ ရှိ အရောင်အသွေး စုံလင်လှသော ဥယျာဉ်ကြီးအတွင်း ပျော်ရွှင်စရာ၊ အံသြဖွယ်ရာများ၊ ရင်ခုန်ဖွယ်ရာ ကစားစရာများနှင့် ပြည့်နေသော Everland Theme Park သို့ သွားရောက် လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် Seoul သို့ ပြန်လည်ထွက်ခွာလာပြီး ဟိုတယ်တွင် အိပ်စက် အနားယူကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် Seoul မြို့၏ အလှပဆုံး Sightseeing များ ဖြစ်သော ဂျိုဆွန်းမင်း အဆက်ဆက် စိုးစံခဲ့သော Gyeongbok Palace၊ ကိုရီးယား လူမျိုးတို့၏ ရိုးရာများ တည်ရှိရာ အမျိုးသားပြတိုက်၊ ကိုရီးယား၏ ရိုးရာ အနုပညာ လက်ရာများနှင့် လှပစွာ တည်ဆောက်ထားသော ကိုရီးယားသမ္မတ၏ အပြာရောင် အိမ်တော်၊ Korea Ginseng Center ၊ ခရမ်းစွဲကျောက်များ ထုတ်လုပ်သော စက်ရုံ၊ Korea ၏ အလှအပများ စုဝေးရာ Korea Comestic Shop နှင့် ရှေးဘုရင်လက်ထက် ကိုရီးယားလူမျိုးတို့၏ လူနေမှု စရိုက်ကို ထင်ဟပ်စေသော Namsan Hanok Village တို့ကို သွားရောက်လည်ပတ် ကြည့်ရှုကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် နာမည်ကျော် Dongdaemum Market အတွင်း စျေးဝယ်ထွက်ကြပါမည်။ အဲဒီနောက် ဟိုတယ်သို့ ပြန်လာပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် Incheon လေဆိပ်မှ တဆင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.