Image Credit Link – www.everystockphoto.com
Unbelievable and amazing yet, still one of the wonders of the world.
စုရပ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ စတင်ထွက်ခွာလာရာ Noi Bai လေဆိပ်သို့ရောက် ရှိချိန်တွင် ဒေသခံ Gudie မှလာရောက်ကြိုဆိုပါမည်။ ထို့နောက် ဟိုတယ်၌ အိပ်စက်အနားယူ ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ် အထိမ်းအမှတ် ရင်ပြင်ဖြစ်သော Ba Dinh Square ၊ ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဂူဗိမ္မာန် အဆောက်အဦးကြီး ၊ အေဒီ ၁၉ ရာစု ခေတ် တိုင်တစ်လုံး ဘုရား ကျောင်းဖြစ်သော One Pillar Pagoda တို့အား သွားရောက် လေ့လာ ဖူးမြော်ကြပါမည်။ နေ့လည်စာသုံး ဆောင်ပြီးနောက် Ha Long မှ ပြန်လည် ထွက်ခွာလာပါမည်။ဟိုတယ်၌ Check In ဝင်ပြီးနောက် ညစာ သုံးဆောင်၍ Ha Long ညဈေးသို့ ဈေးဝယ်ထွက်ကြပါမည်။
Ha Long Bay ပင်လယ်ကွေ့မှ ထုံးကျောက်ကျွန်း ၃၀ဝ၀ ကျော်နှင့် ဖွဲ့စည်းထားသော ကမ္ဘာ့အမွေအနှစ်ကောင်းကင်နန်းတော် ၊ Thiencung Cave ရှိ သဘာဝအတိုင်း တည်ရှိနေသော ကျောက်စက်မိုးမျှော်များ၊ သဘာဝ ကျောက်ဆောင်များအား လေ့လာကြပါမည်။ Generals Tran Hung Dao မွန်ဂို ကျူးကျော်သူများ မဝင်ရောက်ခင်ကတည်းက လှိုဏ်ဂူအတွင်း စုဆောင်းခဲ့သော သစ်သား ချွန်ကလေးများ Dau go grotto တို့ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Ha Noi သို့ ပြန်လည် ထွက်ခွာလာပါမည။လမ်းတလျောက်တွင် Dong Trieu Potteryခေါ် နာမည်ကြီးကြွေထည် ပစ္စည်းများ ရှိသောရှေးဟောင်းရပ်ကွက်သို့လည်း သွားရောက် လည်ပတ်ကြပါမည်။ Ha Noi မြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဟိုတယ်၌ အေးချမ်းစွာ အိပ်စက် အနား ယူပါမည်။
နံနက်စာ သုံးဆော င်ပြီး နောက် ဗီယက်နမ် လူမျိုးများ၊ သိပ္ပံပညာရပ်များကို လေ့လာနိုင်သော Ethnological Museum၊ HoanKiem ရေကန်၊ Ngoc Son Temple ၊ Tran Quoc pagoda တို့ကို သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Dong Xuan Marketသို့ ဈေးဝယ် ထွက်ကြပါမည်။ နေ့လည်စာသုံးဆောင် ပြီးနောက် Noibai လေဆိပ်မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာပါ မည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.