Image Credit Link – huonghaisealifecruise.com
Unbelievable and amazing yet, still one of the wonders of the world.
စုရပ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ စတင်ထွက်ခွာလာရာ Tansonnhat လေဆိပ်သို့ ရောက်ရှိချိန်တွင် ဟိုချီမင်းမြို့ရှိ ဒေသခံ Gudie မှ လာရောက် ကြိုဆိုပါမည်။ ထို့နောက် ဟိုတယ်၌ Check In ဝင်ပါ မည်။
နံနက်စာ သုံးဆောင်ပြီးနောက် လွတ်လပ်ရေး အထိမ်းအမှတ်စံအိမ် Reunification Palace ၊ ယခင် သမ္မတ အိမ်တော်ရာ၊ ရိုမာန်ကက်သလစ် ဘုရားကျောင်း၊ စာတိုက်ကြီး၊ Ben Thanh Market တို့ကို သွားရောက် လေ့လာကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် War Museum ၊ China Town နှင့် Mall and Ben Thanh Day Marketတို့တွင် ဈေးဝယ် ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် Ha Long ညဈေးသို့ ဈေးဝယ်ထွက်ကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် အမေရိကန် – ဟိုချီမင်း စစ်ပွဲအတွင်း ဗီယက်နမ် စစ်သားများ အသုံးပြုခဲ့သော Cuchi Tunnel သို့သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် Tan Son Nhat airport မှ တဆင့် ပြည်တွင်း လေကြောင်းလိုင်းကို စီး၍ Noibai Airport သို့ရောက်ရှိမည် ဖြစ်ပါသည်။ ထိုမှတဆင့် Halong မြို့သို့ သွား၍ ဟိုတယ်တွင် Check In ဝင်ပါမည်။
Ha Long Bay ပင်လယ်ကွေ့မှ ထုံးကျောက်ကျွန်း ၃၀ဝ၀ ကျော်နှင့် ဖွဲ့စည်းထားသော ကမ္ဘာ့အမွေအနှစ် ကောင်းကင်နန်းတော် ၊ Thiencung Cave သဘာဝအတိုင်း တည်ရှိနေသော ကျောက်စက် မိုး မျှော် များ၊ သဘာဝ ကျောက်ဆောင် များအား လေ့လာကြပါမည်။ Generals Tran Hung Dao မွန်ဂို ကျူးကျော်သူတွေ မဝင်ရောက်ခင် ကတည်းက လှိုဏ်ဂူအတွင်း စုဆောင်းခဲ့သော သစ်သား ချွန်ကလေးများ Dau go grotto တို့ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Ha Noiသို့ ပြန်လည် ထွက်ခွာလာပါမည်။ လမ်းခရီးတွင် Dong Trieu pottery ခေါ် နာမည်ကြီး ကြွေထည် ပစ္စည်းများ ရှိသော ရှေး ဟောင်း ရပ်ကွက်သို့လည်း သွားရောက် လည်ပတ်ကြပါမည်။ Ha Noi မြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဟိုတယ်၌ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် ဗီယက်နမ် လူမျိုးများ၊ သိပ္ပံပညာရပ်များကို လေ့လာနိုင်သော Ethnological Museum၊ HoanKiem ရေကန်၊ Ngoc Son Temple ၊ Tran Quoc Pagoda တို့ကို သွားရောက် လည်ပတ်ကြပါမည်။ထို့နောက် Dong Xuan Marketသို့ ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် Noibai လေဆိပ်မှ ရန်ကုန်သို့ပြန်လည် ထွက်ခွာ လာပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.