Image Credit Link – my.opera.com
Unbelievable and amazing yet, still one of the wonders of the world.
စုရပ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အချိန်တွင် Vietnam Airline ဖြင့် ကိုရီးယားနိ်ုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စတင် ထွက်ခွာလာပါမည်။
ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အချိန်တွင် ရောက်ရှိပါမည်။ ထို့နောက် Jeju ကျွန်းသို့ သွားရောက်လည်ပတ် ရန်အတွက် အင်ချွန်းလေဆိပ်မှတဆင့် Gimpo လေဆိပ်သို့ သွားရောက် ပါမည်။ Jeju ကျွန်းတွင် နဂါးခေါင်းပုံစံအလား ဝင့်ကြွားစွာတည်ရှိနေသော Dragon Head Rock ၊ လျှုဝှိက်ဆန်းကြယ်လမ်း (သို့) ဝိညာဉ်လမ်း ဟုနာမည်ကျော်ကြားသော Mysterious Road ၊ Kwanumsa ဘုရားကျောင်းနှင့် Kwandokjon Pavilion တို့ကို သွားရောက်လည်ပတ်ကြပါမည်။
မနက်စာသုံးဆောင်ပြီးနောက် Jeju ကျွန်းရှိ Seongsan Sunrise နေထွက်တောင်ထဋ်၏ လှပသောရှုခင်းများ ၊ Seongeup Folk Village တိုင်းရင်းသားကျေးရွာ၊ Jongbang Waterfall ၊ Cheonjiyo ရေတံခွန် Jussangjolli Park လှပသော ပင်လယ် ကမ်းစပ် ကျောက်ဆောင်၊ ဝက်ဝံရုပ်ပြတိုက်နှင့် အပန်းဖြေစရာ ပျော်စရာနေရာများ တစ်ပေါင်းတစ်စုတည်း တည်ရှိနေသော Chungmun Tourism ဧရိယာကိုလည်းသွားရောက်ကြည့်ရှု လည့်ပတ်ကြမည်ဖြစ်ပါသည်။
နံနက်စာ သုံးဆောင်ပြီးနောက် Jeju Airport ပြည်တွင်းလေကြောင်းလိုင်းဖြင့် Seoul မြို့သို့ဆက်လက် ထွက်ခွာလာပါမည်။ Seoul မြို့သို့ရောက်ရှိချိန်တွင် အရောင်အသေးစုံလင်လှသော ဥယျာဉ်ကြီးအတွင်း ပျော်ရွှင်စရာ၊ အံသြဖွယ်ရာများ ၊ ရင်ခုန်ဖွယ်ရာ ကစားစရာများနှင့် ပြည့်နေသော Everland Theme Park သို့သွားရောက် လည်ပတ်ကြပါမည်။ ညနေပိုင်းတွင်Seoul သို့ပြန်လည်ထွက်ခွာလာပြီး ဟိုတယ်တွင် အေးချမ်းစွာ အနားယူ အိပ်စက်ကြပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက် Seoul မြို့၏ အလှပဆုံး Sightseeing များဖြစ်သော ဂျိုဆွန်မင်း အဆက်ဆက်စိုးစံခဲ့သော Gyeongbok Palace၊ ကိုရီးယား လူမျိုးတို့၏ ရိုးရာများ တည်ရှိရာ အမျိုးသားပြတိုက်၊ ကိုရီးယား၏ ရိုးရာ အနုပညာလက်ရာများနှင့် လှပစွာ တည်ဆောက်ထားသော ကိုရီးယားသမ္မတ၏ အပြာရောင် အိမ်တော်၊ Korea Ginseng Center၊ ခရမ်းစွဲကျောက်များ ထုပ်လုပ်သော စက်ရုံ၊ Korea ၏ အလှအပများစုဝေးရာ Korea Comestic Shop နှင့် နာမည်ကျော် Dongdaemun Market တို့အား သွားရောက်လည်ပတ် ကြည့်ရှုကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လာပြီး အေးချမ်းစွာ အိပ်စက်အနားယူ ကြပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံ Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာပါမည်။
Copyright © 2020 All Right Reserved, Ayarwaddy Legend Travel & Tours. Another Creation of Media Lane.